(01) 505016, (01) 505261, (09) 43027527, (09) 43030813 [email protected]

၃၁-၁-၂၀၂၀ ရက်နေ့ ၁၁:၀ဝ အချိန်မှ ၁၁:၀ဝ အချိန်အထိ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ကောင်းစံ ကိုယ်ပိုင်အထက်တန်းကျောင်းမှ တာဝန်ခံဆရာ ဦးခင်မောင်အေး ဦးဆောင်သည့် ဆရာ/ ဆရာမ(၈)ဦးနှင့်ကျောင်းသား/ကျောင်းသူ(၁၂၀)ဦး၊ စုစုပေါင်း(၁၂၈)ဦးတို့သည် မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်သို့ လာရောက်လေ့လာခဲ့ရာ ပြတိုက်မှူးယာယီရဲမှူးကိုကိုလတ်နှင့် ဒုတိယပြတိုက်မှူး ဒုတိယရဲမှူးစန္ဒာသန့်တို့မှ ပြခန်းအသီးသီးတွင် ပြသထားသည့် ခောတ်အဆက်ဆက်မူးယစ်ဆေးဝါးပပျောက် ရေးကြိုးပမ်းဆောင်ရွက်မှုများ၊ မူးယစ်ဆေးဝါးသယ်ဆောင်ပုံလမ်းကြောင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးဝါးပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းကို လိုက်လံရှင်းလင်း ပြသခြင်းများ ဆောင်ရွက်ခဲ့ပါသည်။