(01) 505016, (01) 505261, (09) 43027527, (09) 43030813 [email protected]

၂၀-၇-၂၀၂၀ ရက်နေ့ ၁၃:၃၀ အချိန်မှ ၁၅:၁၅ အချိန်အထိ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ ဥပဒေအရာရှိ အဆင့်(၄) အစမ်းခန့်များလုပ်ငန်းခွင်ဝင် သင်တန်းအမှတ်စဉ် (၁/၂၀၂၀)မှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၅၈) ဦးတို့သည် သင်တန်းမှူး ရန်ကုန်တိုင်းဒေသကြီးဥပဒေအရာရှိ ဦးဌေးအောင် ဦး ဆောင်၍ မူးယစ်ဆေးဝါးပပျောက်ရေးအထိမ်းအမှတ်ပြတိုက်သို့ လာရောက်လေ့လာခဲ့ရာ မူးယစ်ဆေးဝါး ပပျောက်ရေးအထိမ်းအမှတ်ပြတိုက်မှ တာဝန်ခံဒုတိယရဲမှူးကြီးဇော်မင်းဦးနှင့်ပြတိုက်မှူး ယာယီရဲမှူးကိုကိုလတ် တို့မှ ပြခန်းအသီးသီးတွင်ပြသထားသည့် ခောတ်အဆက်ဆက် မူးယစ်ဆေးဝါးပပျောက်ရေးကြိုးပမ်းဆောင် ရွက်မှုများ၊ မူးယစ်ဆေးဝါးသယ်ဆောင်ပုံလမ်းကြောင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း ကြောင့်ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးအန္တရာယ်များ၊ ထူးခြားထင်ရှားသည့် မူးယစ်ဆေးဝါး သိမ်းဆည်း ရမိမှုများအကြောင်းကို လိုက်လံရှင်း လင်းပြသခြင်းများ ဆောင်ရွက်ခဲ့ပါသည်။