(01) 505016, (01) 505261, (09) 43027527, (09) 43030813 [email protected]

၁၃-၃-၂၀၂၀ ရက်နေ့ ၁၀၃၀ အချိန်မှ ၁၁၃၀ အချိန်အထိ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ Moon Private Primary School (MPPS) ကိုယ်ပိုင်မူလတန်းကျောင်းမှ ဆရာ/ဆရာမ နှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၄၅) ဦးတို့သည် မူးယစ်ဆေးဝါးပပျောက်ရေးအထိမ်းအမှတ်ပြတိုက်သို့ လာရောက် လေ့လာခဲ့ရာပြတိုက်မှူး ယာယီရဲမှူး ကိုကိုလတ်မှ ပြခန်းအသီးသီးတွင်ပြသထားသည့် ခောတ်အဆက်ဆက် မူးယစ်ဆေးဝါးပပျောက်ရေးကြိုးပမ်း ဆောင်ရွက်မှုများ၊ မူးယစ်ဆေးဝါးသယ်ဆောင်ပုံလမ်းကြောင်းများ၊ မူးယစ် ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်ပေါ် နိုင်သည့် ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးဝါးပြစ်မှုနှင့် ပြစ်ဒဏ်များ အကြောင်းကို လိုက်လံရှင်းလင်းပြသခြင်းများ ဆောင်ရွက်ခဲ့ပါသည်။