(01) 505016, (01) 505261, (09) 43027527, (09) 43030813 [email protected]

၁၁-၂-၂၀၂၀ ရက်နေ့ ၁၃:၃၀ အချိန်မှ ၁၄:၃၀ အချိန်အထိ ပြန်လည် ထူထောင်ရေး ဦးစီးဌာန (ရန်ကုန်) ပြန်လည်ထူထောင်ရေးစခန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေလှိုင် ဦးစီးသော ဆရာ/ ဆရာမ (၈)ဦး နှင့် စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းသို့ တက်ရောက်နေသော သင်တန်းသား (၂၀)ဦးတို့သည် မူးယစ်ဆေးဝါးပပျောက်ရေးအထိမ်းအမှတ်ပြတိုက်သို့ လာရောက်လေ့လာခဲ့ရာ ပြတိုက်မှူး ယာယီရဲမှူး ကိုကိုလတ်မှ ပြခန်းအသီးသီးတွင်ပြသထားသည့်ခေတ်အဆက်ဆက် မူးယစ်ဆေးဝါးပပျောက် ရေးကြိုးပမ်းဆောင်ရွက်မှုများ၊ မူးယစ်ဆေးဝါးသယ်ဆောင်ပုံလမ်းကြောင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း ကြောင့်ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးအန္တရာယ် များ၊ မူးယစ်ဆေးဝါးပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းကို လိုက်လံ ရှင်းလင်းပြသခြင်းများ ဆောင်ရွက်ခဲ့ပါသည်။